နေရာအနှံ့ Covid-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ဆောင်ရွက်

  07/ Oct/ 2020

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၇ ရက်နေ့ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အုန်းတောစက်လှေဂိတ်၊ ကော့ကရက်လမ်းဆုံနှင့် အမှတ် (၁) ရပ်ကွက်တို့တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနိုးဆော်ခြင်း၊ ပိုစတာများကပ်ပေးခြင်း၊ အလှူရှင်များမှလှူဒါန်းသော နှာခေါင်းစည်းများအား ပြန်လည်ဖြန့်ဝေပေးခြင်း၊ စနစ်တကျတပ်ဆင်ရန်အသိပညာပေးခြင်း၊ ရေမလိုလက်သန့်ဆေးရည်များ ပေးဝေခြင်းနှင့် စနစ်တကျလက်ဆေးခြင်းတို့အား လက်တွေ့သရုပ်ပြခြင်းတို့ကို ဖာပွန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးသက်စိုးဦး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅ ဦးတို့က ဆောင်ရွက်ခဲ့သည်။