ပေါက်တောတွင် COVID-19နှင့် ပတ်သတ်သော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို နေ့စဉ်ရက်ဆက်ဆောင်ရွက်လျက်ရှိ

  23/ Dec/ 2020

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၃ရက်နေ့က ပေါက်တောမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်ဝင်းစိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ အသွားလာကန့်သတ်စောင့်ကြည့်ရေးစင်တာများတွင် အစားသောက်များကူညီဖြန့်ဝေခြင်း၊ မြို့ပေါ်ရပ်ကွက်ရှိ လူအများဖြတ်သန်းသွားလာရာ နေရာများနှင့် မြို့အဝင်ဂိတ်များတွင် လက်သန့်စင်ဆေးရည် အသုံးပြုစေခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်း၊ ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်းတို့ကို နေ့စဉ် ဆောင်ရွက်လျှက်ရှိကြသည်။