ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ဆေးကုသမှုခံယူဖို့ လာတဲ့သူတွေကို နေပြည်တော်က ကြက်ခြေနီစေတနာလုပ်အားရှင်များက အကူအညီပေးလျက် ရှိပါတယ်။

  22/ Dec/ 2020

ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ကျောက်ကြီးမြို့နယ်က လူနာနဲ့ လူနာစောင့်(၃)ဦးကို စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ ကုတင် (၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ အခမဲ့ ကူညီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံဆင်းလူနာနဲ့ လူနာစောင့်(၂)ဦးကိုလည်း ကျောက်တံခါးမြို့နယ်သို့ ပြန်ဖို့အတွက် ၂၀၂ မိုင် စစ်ဆေးရေးဂိတ်သို့ သွားရာမှာအခမဲ့ ပို့ဆောင် ကူညီပေးခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက် ယနေ့မှာလည်း တောင်သာမြို့နယ်က လာရောက်‌ေဆးကုသတဲ့ လူနာနှင့်လူနာစောင့်(၂)ဦးကို စည်ပင်ဧည့်ရိပ်သာအသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှဥတ္တရသီရိအထူးကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံဆင်းလူနာနဲ့ လူနာစောင့်(၃)ဦးတို့ တောင်ငူမြို့နယ်သို့ပြန်ရန်အတွက် ၂၀၂မိုင်စစ်ဆေးရေးဂိတ်သို့ သွားရာမှာလည်း ကြက်ခြေနီဒုတိယတပ်ခွဲမှူး ဦးကျော်ကျော်ထွန်းနဲ့ ဦးကောင်းမြတ်ဝင်းတို့က နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့
လူနာတင်ယာဉ်နဲ့ အခမဲ့ ပို့ဆောင် ကူညီပေးခဲ့ကြပါတယ်။