ပွင့်ဖြူတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ဆက်လက်ဆောင်ရွက်

  27/ Sep/ 2020

ပွင့်ဖြူ၊ စက်တင်ဘာ ၂၇
၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၂၇ရက်နေ့က မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် အင်းကုန်းကျေးရွာရှိ အိမ်ထောင်စုများအား နှာခေါင်းစည်းများထောက်ပံ့ပေးခြင်း၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရန် လိုက်နာဆောင်ရွက်ရမည့်အချက်များအား နှိုးဆော်ခြင်းတို့ကို အင်းကုန်းကျေးရွာကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်ခဲ့ကြပါသည်။