ဘားအံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပူးပေါင်းဆောင်ရွက်

  02/ Dec/ 2020

ဒီဇင်ဘာလ ၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ဆေးဆပ်ပြာများဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဦးဇေယျာမိုး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အတူ ဒုံသမိစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးပေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဒေါ်တင်မာနွယ်ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒုံသမိတံတားပိတ်ဆို့ရှာဖွေရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။