ဘားအံနှင့်လှိုင်းဘွဲ့မြို့များတွင် ကြက်ခြေနီက ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ

နိုဝင်ဘာလ ၁၉ ရက်နေ့က ကရင်ပြည်နယ်ရှိ၊ ဘားအံမြို့နှင့် လှိုင်းဘွဲ့မြို့တို့တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းမျာကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြရာ
♦️ ကိုယ်အပူချိန်တိုင်းတာပေးခြင်း
♦️ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း
♦️ အမည်စာရင်းသွင်းပေးခြင်း
♦️ ရေမလိုလက်သန့်ဆေးရည်နှင့် လက်ဆေးဆပ်ပြာတုံးများ အခမဲ့ဖြန့်ဝေပေးခြင်း
♦️ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေးဆော်ဪခြင်းနှင့်
♦️ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးသီချင်းဖြင့် ကပြဖျော်ဖြေပြီး စိတ်ပိုင်းဆိုင်ရာ
အားပေးခြင်းတို့ကိုပြုလုပ်ခဲ့ကြသည်။