မန်တုံရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

  26/ Sep/ 2020

မန်တုံ၊ စက်တင်ဘာ ၂၆

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မန်တုံမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ နေရပ်ပြန်ပြည်သူ ကျား (၂၁)နှင့် မ (၅၈) ဦးတို့အား မန်တုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးခင်ဇော် ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဦးတို့က ခြင်ထောင် (၇၉) လုံး ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း (၅၈) ခုနှင့် အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၁) ခုတို့ကို သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။