မိုင်းတုံနှင့်မိုင်းဖြတ်တွင် ကြက်ခြေနီက ကိုဗစ်၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျှက်ရှိ

  09/ Oct/ 2020

၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၉ရက်နေ့က မိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ် အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာကြသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်များ အသုံးပြုစေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။
ထို့ပြင် မိုင်းဖြတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဖြတ်မြို့နယ်အဝင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာကြသူများအား ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်စင်ဆေးရည်များအသုံးပြုစေခြင်း၊ ခရီးသွားမှတ်တမ်းများရယူခြင်းတို့ကိုလည်းကောင်း၊ Facility Quarantine Center များတွင် အပူချိန်တိုင်းပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးခြင်းတို့ကိုလည်းကောင်း ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းကာ အသီးသီး ဆောင်ရွက်လျက်ရှိကြသည်။