မိုင်းရှူးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်ရောဂါ အသိပညာပေး ဆောင်ရွက်

  24/ Dec/ 2020

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့က မိုင်းရှူးမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုင်းစိုးထွန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ မိုင်းရှူးမြို့နယ်၊ (၁)ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်လံနှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး မိုင်းစံမြို့ဝင်ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသည်စာရင်းများ မှတ်တမ်းသွင်းပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။