မြစ်သားတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အလှူရှင်များက ဝတ်စုံများလှူဒါန်း

  23/ Sep/ 2020

မြစ်သား၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံနှင့် လူမှုရေးအသင်းအဖွဲ့များအတွက် အလှူငွေများလှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ရာအမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဒေါ်သင်းမြမြသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်မင်းထွန်း တို့က အမှာစကားများ ပြောကြားခဲ့ကြပါသည်။
ထို့နောက် အလှူရှင်များမှ လှူဒါန်းသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံများကို အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လမ်းဦးစီးဌာန ဦးစီးအရာရှိတို့က ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီ
အသင်းခွဲ ဥက္ကဌဦးတင့်လွင်ဦး၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ရဲကျော်၊ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးလှိုင်ဝင်းအောင် တို့ကလက်ခံရယူခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဝတ်စုံ ၅၅ စုံ အား တစ်စုံလျှင် ငွေကျပ် ၃၀၀၀၀ိ/ နှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၆၅၀,၀၀၀ိ/ သိန်းကို မြို့နယ်လမ်းဦးစီးဌာန၊ Creative Seven၊ Rise up၊ Mandalay Crown ကုမ္ပဏီများက လှူဒါန်းခဲ့ခြင်းဖြစ်ပါသည်။
ယင်းနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ ကူမဲကြက်ခြေနီတပ်ဖွဲ့၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ဗြဟ္မပါလလူမှုကူညီရေးအသင်းတို့အတွက် အလှူငွေကျပ် (၁) သိန်းစီဖြင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ ငွေကျပ်(၄)သိန်းကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပါသည်။