မြိတ်တွင် COVID-19 ရောဂါကာကွယ်ရေး ကြက်ခြေနီ ဆက်လက်ဆောင်ရွက်

  05/ Oct/ 2020

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၅ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိယတိုင်းကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်း၊
မြိတ်မြို့နယ်ကြက်ခြေနီအသင်းခွဲ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဒေါ်သင်းသင်းအေးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၈ ဦးတို့သည် မြိတ်မြို့ မြစ်ငယ်ရပ်ကွက်နှင့် ပလောက်စုရပ်ကွက် တို့တွင်လည်းကောင်း၊ အောက်တိုဘာလ ၄ ရက်နေ့က ပန်စရာရပ်ကွက်နှင့် ဘုရားကိုင်ရပ်ကွက်တို့တွင်လည်းကောင်း COVID- 19 ရောဂါကာကွယ်ရေး အသိပညာပေး ဆော်ဩခြင်း၊ အသိပညာပေး ပိုစတာများ ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။