ရန်ကုန်တိုင်းဒေသကြီး၌ အင်အားဖြည့်ကူညီခဲ့သော မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်ငန်းရှင်များပြန်လည်ထွက်ခွာ

  09/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများ၌ အင်အားဖြည့်ကူညီခဲ့ကြသော မွန်ပြည်နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၄၁) ဦးတို့သည် တာဝန်ပြီးဆုံး၍ ၂၀၂၀ပြည့်နှစ်၊
နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်သို့ ပြန်လည်ထွက်ခွာပါသည်။

ထိုသို့ ပြန်လည်မထွက်ခွာမီ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်၅၀၀ဆံ့၊ COVID-19 ကုသရေးစင်တာ တာဝန်ခံဒေါက်တာ ရဲမြင့်အောင်၊ ဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်နှင့် အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်တို့က Debriefing Session ပြုလုပ်၍ဂုဏ်ပြုနှုတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လက်ဆောင်များအသီးသီး ပေးအပ်ခဲ့ပါသည်။

အဆိုပါအဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် လှိုင်ကုတင်၅၀၀ဆံ့၊ COVID-19 ကုသရေးစင်တာတွင် အောက်တိုဘာလ ၁၂ ရက်နေ့မှ နိုဝင်ဘာလ ၉ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်သို့ ပြန်လည်ထွက်ခွာရာတွင် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးဦးနေလင်းထွန်းဦးဆောင်သောအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး အဝင်ဂိတ်အထိပို့ဆောင်ပေးကာ ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါသည်။