ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်မှာ ကိုဗစ် ၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် ခရမ်းမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။

  16/ Nov/ 2020

အဲ့ဒီလို ပူးပေါင်းဆောင်ရွက်ရာမှာ ရပ်ရွာလူထုအတွက် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ရုံသာမက ခရမ်းမြို့နယ်မှာရှိတဲ့ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွေမှာလည်း နေရာထိုင်ခင်းပြင်ဆင်ပေးခြင်း၊ အစားအသောက်များပြင်ဆင်ပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်း စတာတွေကို လူသားချင်းစာနာထောက်ထားစိတ်အပြည့်နဲ့ ဆက်လက်ဆောင်ရွက်နေကြပါတယ်။

အဲ့ဒီလိုဆောင်ရွက်နေကြတာဟာ ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက စတင်ကာ နေ့စဉ်ဆောင်ရွက်ခဲ့ကြတာဖြစ်ပြီး ယခုနိုဝင်ဘာလအတွင်းမှာလည်း အဆိုပါ လုပ်ငန်းတွေကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်ပါတယ်။

ယခုကဲ့သို ကိုဗစ်၁၉ရောဂါကာကွယ်ရေးလုပ်ငန်းတွေအတွက် ရှေ့တန်းကနေ ဆောင်ရွက်ပေးနေကြတဲ့ ခရမ်းမြို့နယ်က ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် မြန်မာတစ်နိုင်ငံလုံးက ကြက်ခြေနီစေတနာလုပ်အားရှင်တွေအားလုံးကို လက်ခုပ်တီးကာ အားပေးဂုဏ်ပြုလိုက်ရအောင်နော်။