ရန်ကုန်တွင် COVID-19ရောဂါကာကွယ်‌ရေးလုပ်ငန်းများ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် ကြက်‌ခြေနီ‌စေတနာလုပ်အားရှင်များအတွက် အသိပညာပေး သင်တန်းဖွင့်

  24/ Sep/ 2020

နေပြည်တော်၊ စက်တင်ဘာ ၂၄

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့က ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးသင်တန်းဖွင့်ပွဲကို ပြုလုပ်ခဲ့ရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်၊ အတွင်းရေးမှူး ဦးမိုးကျော်၊ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါ်မေကလျာဝင်း၊ ခရိုင်ကြက်‌ခြေနီတပ်ဖွဲ့မှူးဦးနိုင်ဝင်းစိုးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည့်
ကြက်ခြေနီစေတနာလုပ်အားရှင်(၃၅)ဦးတက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များ၊ PPE ဝတ်ဆင်နည်းများအား ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။