ရေတာရှည်နှင့်ဇီးကုန်းမြို့များတွင် ကိုဗစ် ၁၉ရောဂါကာကွယ်ရေး ဆောင်ရွက်

  30/ Sep/ 2020

၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ရက်နေ့က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ကားဂိတ်များ၊ ဆိုက်ကားဂိတ်များ၊ လူအများသွားလာကြသောနေရာများတွင် ဖြတ်သန်းသွားလာကြသူများအား ရေတာရှည်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်၁၉ရောဂါကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအားနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ဇီးကုန်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံး၊ မြို့နယ်သမဝါယမအသင်းရုံး၊ မြို့မရဲတပ်ဖွဲ့ရုံးများများတွင် ကိုဗစ် ၁၉ရောဂါကာကွယ်ရေးအသိပညာပေးခြင်းနှင့် ဆေးဖြန်းခြင်းတို့ကို ဇီးကုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်စိုးမင်းနှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။