ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အဆက်မပြတ်ဆောင်ရွက်ပေး

  15/ Nov/ 2020

နမ့်ဆန်မြို့နယ်မှ ကြက်ခြနီတပ်ဖွဲ့မှူး ဦးခင်မောင်နှင့်ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ နမ့်ဆန်မြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။
ထို့အတူ မိုးမိတ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်သူရဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း မိုးမိတ်မြို့ဝင်ဂိတ်မှာ ခရီးသွားပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေကြပါတယ်။