လူတိုင်းအတွက်အမြဲကူညီနေရာတိုင်းမှာကြက်ခြေနီ

  13/ Nov/ 2020

ရှမ်းပြည်နယ် (တောင်ပိုင်း)က ဒုတိယပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကျော်မျိုးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ တောင်ကြီးမြို့၊ မိုးကုတ်ဝိပဿနာကျောင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှာ နေရပ်ပြန်ပြည်သူ ၂၄ ဦးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ထောက်ပံ့ပေးသော အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြတယ်။