လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆို Mask Campaign နှင့် အသိပညာပေးခြင်း သာ‌ပေါင်း၌ ကြက်ခြေနီဆောင်ရွက်

  04/ Jan/ 2021

သာပေါင်း၊ ဇန်နဝါရီ ၄

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ ၊ စစ်ပင်ကြီးကျေးရွာ ကြက်ခြေနီအသင်းခွဲငယ် မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက Mask Campaign နှင့် အသိပညာပေးခြင်းတို့ကို ဇန်နဝါရီလ ၃ ရက်နေ့က အဆိုပါကျေးရွာမှာ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ကျေးရွာနေပြည်သူများအား တစ်အိမ်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း(၅၀)ပါတစ်ဘူးနှုန်းဖြင့်လိုက်လံ‌ေပး‌ေဝခဲ့ကြပြီး နေအိမ်မှအပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းများ စနစ်တကျဝတ်ဆင်သွားလာကြရန်အသိပညအသုံးပြုပြီးပါက အမှိုက်ပုံးထဲသို့စနစ်တကျစွန့်ပစ်ရန် အသိပညာ‌ပေးခဲ့ ကြပါတယ်။

ဆပ်ပြာနှင့်ရေအသုံးပြုပြီး လက်ကို စနစ်တကျဆေးကြောရန် ၊ ရေမရရှိနိုင်ပါက လက်သန့်စင်ဆေးရည် အသုံးပြုနိုင်‌ကြောင်းတို့ကို ကြက်ခြေနီစေတနာလုပ်အားရှင် (၂၉)ဦးတို့က အသိပညာပေး ဆောင်ရွက်ခဲ့ကြပါတယ်။