လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

  28/ Sep/ 2020

ရန်ကုန်၊ စက်တင်ဘာ ၂၈

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုစခန်းတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာတင်ထွန်းအောင်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာလင်းလင်းသက်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကျော်မိုးကြည်၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်မင်းမင်းကိုတို့ ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။
နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးမိုးကျော် ဦးဆောင်သည့်နေပြည်တော်ရှိ မြို့နယ်များမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၅ ဦးတို့သည် လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုရေးစခန်းတွင် ရက်သတ္တပတ် ၂ ပတ်ကြာ ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။