လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် တာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ရောက်ရှိ

  09/ Nov/ 2020

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ COVID-19 ကုသရေးစင်တာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းတာဝန်ထမ်းဆောင်ရန် မကွေးတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃၉ ဦးတို့သည် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်တွင် ရောက်ရှိလာခဲ့ကြပါသည်။

ယင်းအဖွဲ့အား လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19ကုသရေးစင်တာတာဝန်ခံ ဒေါက်တာရဲမြင့်အောင်၊ ဌာနချုပ်မှဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူးဒေါက်တာလင်းလင်းသက်တို့က
ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များဖြည့်ဆည်းမှာကြားခဲ့ပါသည်။

မကွေးတိုင်းဒေသကြီးမှ ရေနံချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးဦးကျော်စိန်မြဦးဆောင်သည့် ဦးဆောင်သည့် မကွေးတိုင်းဒေသကြီး၊ မြို့နယ်အသီးသီးမှ ကြက်ခြေနီစေတနာလုပ်အားရှင် ကျား ၃၁၊ မ ၈ ဦးတို့သည် လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ်ဝန်း၊ လှိုင်ကုတင်(၅၀၀)ဆံ့၊ COVID-19 ကုသရေးစင်တာတွင် ဒီဇင်ဘာ ၅ရက်နေ့အထိကူညီဆောင်ရွက်ပေးသွားရန်ရှိပါသည်။

ထို့အပြင်မကွေးတိုင်းဒေသကြီးမှကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကုသရေးစင်တာတွင် ပူးပေါင်းတာဝန်မထမ်းဆောင်မီ ကိုဗစ်၁၉ စစ်ဆေးခြင်းကိုယနေ့ညနေတွင်ပြုလုပ်ခဲ့ကြကာ နိုဝင်ဘာ၁၀ရက်နေ့ညတွင် စတင်တာဝန်ထမ်းဆောင်နိုင်ကြမည်ဖြစ်ပါသည်။