လှိုင်းဘွဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  30/ Dec/ 2020

လှိုင်းဘွဲ့၊ ဒီဇင်ဘာ ၃၀

၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ မြို့ဝင်ဂိတ်တွင် ခရီးသွားပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ခရီသွားရာဇဝင်များ၊ ထောက်ခံစာများ၊ အမည်စာရင်းများအား စီစစ်မှတ်တမ်းသွင်းခြင်းတို့ကို လှိုင်းဘွဲမြို့နယ်မှ ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦးတို့က ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် လှိုင်းဘွဲ့မြို့နယ်မှ ဒုတိယတပ်ဖွဲ့မှူး ဒေါ်အိဖြူနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်၂ ဦးတို့ကလည်း နေရပ်ပြန်ပြည်သူများကို အမည်စာရင်းများမှတ်တမ်းသွင်းပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်များသို့ပြန်မည့်သူများအား စီးနင်းရမည့်ကားများညွှန်းပို့ခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။