သာပေါင်းမြို့တွင် ကိုဗစ်ကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  29/ Sep/ 2020

နိုဝင်ဘာလ ၂၉ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မမြောင်ကျေးရွာမှာ COVID-19 ကာကွယ်ရေးလှုပ်ရှားမှုအဖြစ် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရေးကို အသိပညာပေးပြီး နှာခေါင်းစည်းများ ပေးဝေခဲ့ကြတယ်လို့သိရပါတယ်။
အဆိုပါ လှုပ်ရှားမှုမှာ ကျန်းမာရေးဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ ကျေးရွာတာဝန်ရှိသူများနဲ့အတူ သာပေါင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃) ဦးတို့ကပါဝင်ကူညီခဲ့ကြတယ်။