ဟိုပုံးတွင် ကြက်ခြေနီက ကိုဗစ်ရောဂါကာကွယ်ရေး ဆက်လက်ဆောင်ရွက်

  02/ Dec/ 2020

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌ ဦးကျော်စွာအောင်နိုင်ဟိန်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့တွင် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခဲ့ကြသည်။