ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်မှာ COVID-19 ရောဂါကာကွယ်ရေးအတွက် မြို့ပေါ်ရှိ ဈေးများမှာ နှာခေါင်းစည်း(၄၆၀၀)ခု၊ မျက်နှာကာ (၄၀၀)ခု တို့ကို အခမဲ့ပေးဝေခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

  19/ Nov/ 2020

ခရိုင်ပြည်သူ့ကျန်းမာ‌‌ဦးစီးဌာနမှူးက ဦးဆောင်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက အဖွဲ့(၃)ဖွဲ့ခွဲပြီးတော့ ဆောင်ရွက်ရာမှာ ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင် ဦးဆောင်တဲ့ ကြက်ခြေနီစေတနာလုပ်အားရှင် ၁၇ ဦး တို့ကလည်းပါဝင် ကူညီခဲ့ကြပြီး အသိပညာပေးသရုပ်ဖော်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြတယ်။