🎀🎀 ရိုင်းပင်းကူညီ ကြက်ခြေနီ 🎀🎀

  07/ Nov/ 2020

🤝🤝 ကျွန်တော်တို့ရဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းတွေကို နေရာအနှံ့မှာ ကူညီဆောင်ရွက်နေကြပါတယ်။ 🤝🤝

💥💥 ကျိုက်မရောမြို့နယ်ရှိ ဖျားနာဆေးကုသခန်းမှာလည်း ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ဆေးကုသမှုခံယူသူများကို နေရာချထားခြင်းတွေ၊ စာရင်းမှတ်ပေးခြင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ယနေ့အထိပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ 💥💥