💜💜 ယုံကြည်အားထား ကြက်ခြေနီစေတနာလုပ်အားရှင်များ 💜💜

  13/ Nov/ 2020

💐💐 လှိုင်းဘွဲ့မြို့နယ်က ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းဇော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်တွေက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ဝင်ဂိတ်မှာ ခရီးသည်များ ကိုဗစ်-၁၉ ရောဂါကာကွယ်စေရေးအတွက် ကိုယ်အပူချိန်တိုင်းပေးတယ်၊ အမည်စာရင်းများမှတ်သားပေးတယ်၊ နှာခေါင်းစည်းများအခမဲ့ပေးဝေတယ်၊ လက်သန့်ဆေးရည်များဖြန့်ဝေတယ်၊ ကျန်းမာရေးအသိပညာပေးခဲ့ကြပါတယ်။ ထို့အတူပဲ ဦးစောဆန်းဝင်းတို့ကြက်ခြေနီစေတနာလုပ်အားရှင် တွေကလည်း ဆင်ကူးကျေးရွာက မဲရုံများအဖြစ်ပြုလုပ်ခဲ့တဲ့ စာသင်ကျောင်းများကို ဆေးဖျန်းပေးခဲ့ကြပါတယ်။