COVID-19ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင်သည့် ဂုဏ်ပြုလွှာများ ရေဖြူမြို့နယ်တွင်ပေးအပ်

  15/ Nov/ 2020

COVID-19ရောဂါကာကွယ်ရေးလုပ်ငန်များ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ချီးမြှင့်သည့် ဂုဏ်ပြုလွှာများ ပေးအပ်ခြင်းကို တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြိုနယ်တွင်၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကပြုလုပ်ခဲ့ရာမှာ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှူး ဉီညီညီသိန်းက ဂုဏ်ပြုလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
အဆိုပါပေးအပ်ပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ကြက်‌ေခြနီတပ်ဖွဲ့မှူးဒေါ်သီတာနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြတယ်။