COVID-19 ရောဂါကူးစက်ခံရသူများအား ဆေးရုံသို့ ပို့ဆောင်ရာတွင် ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  04/ Nov/ 2020

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ နှစ်(၇၀၀)အားကစားကွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းမှ COVID-19 ရောဂါပိုးတွေ့ရှိသူ (၁၀) ဦးအား စစ်ကိုင်းမြို့နယ်၊ ကုတင်(၂၀၀) ဆေးရုံသို့လည်းကောင်း COVID-19 ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်စပ်မှုရှိသူ (၃၆) ဦးအား စစ်ကိုင်းမြို့၊ ဝိဇ္ဇာသိပ္ပံကျောင်း အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့လည်းကောင်း ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို စစ်ကိုင်းခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်တပ်ဖွဲ့မှူး ဦးမြင့်သိန်းထွန်းနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးဝင်းမြိုင်တို့ ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် (၇ ) ဦးတို့က ကျန်းမာရေးဝန်ထမ်းများ၊ မိတ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။