COVID-19 ရောဂါ ကာကွယ်ရေးအတွက် နေရာအနှံ့ ကြက်ခြေနီ ပူးပေါင်းဆောင်ရွက်

  29/ Sep/ 2020

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့က COVID-19 ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာနှင့် ထီဖောင်းကျေးရွာရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များအား COVID-19 ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း စနစ်တကျ ရောင်းချကြရန် အသိပညာပေးခြင်းနှင့် ပိုစတာများကပ်ပေးခြင်းတို့ကို တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ခွဲမှူး ဒေါ်လှိုင်လှိုင်ထွေး ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့အတူ ဟိုပုံးမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌဦးကျော်စွာအောင်နိုင်ဟိန်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၁၀ ဦးတို့ကလည်း ဟိုပုန်းမြို့ ဘုရားကြီးရှေ့တွင် COVID-19 ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် နှာခေါင်စည်းများစနစ်တကျ တပ်ဆင်စေခြင်းတို့ကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။