ကချင်ပြည်နယ်တွင်ကြက်ခြေနီမှ ရေကြီးမှုအန္တရာယ်ကြိုတင်သတိပေးချက်များ ဆောင်ရွက်

  20/ Jul/ 2020

ကချင်ပြည်နယ်၊ ဇူလိုင် ၂၀

ကြိုတင်အသိပေးခြင်းသည် ဘေးအန္တရာယ်ကာကွယ်ရေးတွင် အရေးကြီးဆုံးသော အပိုင်းဖြစ်ပါသည်။ မုတ်သုံရာသီတွင် ရေကြီးမှု၊မြေပြိုမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၄ရက်နေ့က ဗန်းမော်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းရှိ မံပင်ကျေးရွာနှင့် ကုန်းခါးကျေးရွာများတွင် မြစ်ရေကြီးခြင်းသတင်းထုတ်ပြန်ချက်များကို ရပ်ရွာအတွင်းလိုက်လံအသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အလားတူ ဇူလိုင်လ ၂၀ရက်နေ့ကလည်း ကာမိုင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ ရေကြီးနိုင်မှုအန္တရာယ်ကြိုတင်သတိပေးချက်များကို ကာမိုင်းမြို့နယ်အတွင်းလိုက်လံအသိပေးကြေညာခဲ့ကြပါသည်။