ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းမှ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စုများအား ကြက်ခြေနီမှ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့

  19/ Mar/ 2021

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင် စခန်းမှ ကျေးရွာ ရပ်ကွက်သစ်သို့ ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု (၂၇) စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများဖြစ်သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ ရေပုံး၊ အိမ်ဆောက်အထောက်အကူပြုပစ္စည်းနှင့် တာပေါ်လင်များကို ၂၀၂၁ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
၎င်းထောက်ပံ့ပစ္စည်းများကို ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဌ ဦးမောင်ချင်း ဦးဆောင်ပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးချစ်ဖေ နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၁၂) ဦးတို့က သွားရောက် ပေးအပ်ခဲ့ကြသည်။