ကချင်ပြည်နယ်ဝန်ကြီးချုပ်အား အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် သွားရောက်တွေ့ဆုံ

  31/ Aug/ 2020

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၃၁ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမဆောင်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင် မြင့်နှင့်အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံပြီး အသင်း၏ ရှေ့လုပ်ငန်းစဉ်များ၊ နေရပ်စွန့်ခွာပြည်သူများအား လူမှုကရုဏာအကူအညီများပေးနိုင်ရန်ကိစ္စရပ်များ၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာတွင်ဖြစ်ပွားခဲ့သော မြေစာပုံပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရသူများအားဆက်လက်ထောက်ပံ့ရန် စီစဉ်ထားရှိမှုကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ယင်းနောက်အသင်းဥက္ကဌက COVID-19 ရောဂါကာကွယ်ရေးအဖြစ် COVID-19 Package၊ Surgical Cap နှင့် Gown ၂၀၀ခုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ထံပေးအပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီးနှင့်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်တို့ တက်ရောက်ခဲ့ပါသည်။