ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနား ကျင်းပ

  08/ May/ 2021

ရန်ကုန်၊ မေလ ၈ ရက် ၂၀၂၁ ခုနှစ်

၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများနည်းတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှလည်း အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ အချိန်ပိုင်းအချိန်ပြည့်အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ မြန်မာနိုင်ငံရုံးကိုယ်စားလှယ် Mr. Stephan Sakalian၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံရုံး အကြီးအကဲ Mr. Joy Singhal နှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီနှင့် လခြမ်းနီအသင်းများမှ တာဝန်ရှိသူများ၊ နေပြည်
တော် ကောင်စီနယ်မြေ/ပြည်နယ်/တိုင်း/ခရိုင်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများ၊ အမှုဆောင်များနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။

အထိမ်းအမှတ် အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် (၆၅) နှစ်ပြည့်နှစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များ ဂုဏ်ပြုခြင်းနှင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ဆောင်း
ပါးပြိုင်ပွဲ ဆုရသူများအား ဆုချီးမြှင့်ခြင်းများကိုလည်းပြုလုပ်ခဲ့ပါသည်။

ယခုနှစ် ၂၀၂၁ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့အတွက် သတ်မှတ်ထားတဲ့ ဆောင်ပုဒ်မှာ “Together we are unstoppable” ‘‘မရပ်အနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား’’ ဖြစ်ပြီး ဆောင်ပုဒ်အတိုင်း အကူအညီ လိုအပ်နေသူတွေအတွက် ကမ္ဘာတစ်ဝန်းက ၁၇ သန်းကျော်သော စေတနာလုပ်အားရှင် ကြက်ခြေနီ စုပေါင်းအားနဲ့ လှုပ်ရှားမှု ကွန်ရက်ကတစ်ဆင့် လူသားချင်း စာနာထောက်ထားသော အကူအညီတွေကို မရပ်မနား ဆောင်
ရွက် ပေးလျက်ရှိနေကြပါတယ်။

Wordpress Photo Gallery