ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကိုကြိုဆိုသောအားဖြင့် ကြက်ခြေနီက သွေးသန့်လှူဒါန်း

  11/ Sep/ 2020

ရန်ကုန်၊ စက်တင်ဘာ ၁၁

၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၂ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid Day)ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီက ဦးဆောင်၍ ကြက်ခြေနီစေတနာလုပ်အားရှင်များမှ စုပေါင်းသွေးသန့်လှူဒါန်းခြင်းကို ယနေ့ စက်တင်ဘာ ၁၁ရက်နေ့က ရန်ကုန်မြို့ရှိအမျိုးသားသွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
COVID-19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းများနှင့် အညီ ယနေ့တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ၁၄ဦးကသွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လာမည့်ရက်များတွင် ထပ်မံသွေးလှူဒါန်းသွားမည်ဖြစ်သည်။