ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီမှ ဇီးကုန်းကြီး အထက်တန်းကျောင်း တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးပြုလုပ်

  26/ Mar/ 2018

ညောင်လေးပင်၊ မတ်လ
၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ၂၀၁၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်လေးပင်မြို့နယ်၊ ဇီးကုန်းကြီး အထက်တန်းကျောင်းတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးကို မြန်မာနိုင်ငံကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးစိုးဝင်း ဦးဆောင်၍ တပ်ဖွဲဝင်များ၊ ဇီးကုန်းကြီး အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းကြက်ခြေနီ အခြေခံရှေးဦးပြုစုခြင်းသင်တန်း (၁/၂၀၁၈)မှ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၁၀၀) ဦးတို့က ဇီးကုန်းကြီး အထက်တန်းကျောင်းတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Credit; ခင်အောင်လှိုင်(ညောင်လေးပင်)