ကမ္ဘာ့ကြက်ခြေနီအနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေး ခရီးစဉ်လာရောက်

  09/ May/ 2018

နေပြည်တော်၊ မေ

မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ခရိုင်ဦးစီးမှူး ဒုတိယတန်း ဦးလှတိုးနှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ယနေ့ မေလ ၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ဌာနချုပ်)သို့ လေ့လာရေးခရီးစဉ် လာရောက် လေ့လာခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံခဲ့ကြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံံကြက်ခြေနီအသင်း ဥက္ကဌမှ လေ့လာရေးခရီးစဉ် လာရောက်ကြသော မင်းဘူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို အမှာစကားပြောကြားခဲ့ရာ – အသင်းဌာနချုပ်သို့ လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များကို လှိက်လဲှစွာ ကြိုဆိုပါကြောင်း၊ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အသင်းကြီး၏ အင်အားလည်းဖြစ်ပါကြောင်း၊ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုမို အားသွန်ခွန်စိုက် လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ အခြား လူမှုရေး အသင်း/အဖွဲ့များနှင့် ချိတ်ဆက်ပြီး လူမှုကရုဏာလုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက လေ့လာရေးခရီးစဉ် လာရောက်ကြသော ကြက်ခြေနီ စေတနာလုပ်အားရှင်များအား အမှတ်တရပစွည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း မင်းဘူးခရိုင်ကြက်ခြေနီကြီးကြပ်မှုကောမတီမှ ခရိုင်ဦးစီးမှူး ဦးလှတိုး (ဒုတိယတန်း)နှင့် မြို့နယ်တပ်ဖွဲ့မှူး ဦးတင်ညွှန့် ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ်ရှိ ဌာနများကို လေ့လာခဲ့ကြပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက သိလိုသည်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။