ကယားပြည်နယ်တွင် နေရပ်စွန့်ခွာအိမ်ထောင်စုများအား ကြက်ခြေနီက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်

  17/ Feb/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်သည် ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့်အတူ ကယားပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားသည့် အကူအညီများကို ပံ့ပိုးကူညီပေးလျက်ရှိပါသည်။ အဲ့ဒီလိုကူညီရာမှာ လွိုင်ကော်မြို့က ဘုန်းကြီးကျောင်း(၁၁)ကျောင်းမှာ ဖွင့်ထားတဲ့ ယာယီနေရပ်စွန့်ခွာစခန်းတွေက ပြည်သူ (၅၆၆)ဦး၊ အိမ်ထောင်စု (၁၅၆)စု အတွက် ဆန်(၁၅၆)အိတ်၊ ဆီ(၁၅၆)ဗူး၊ အသားဗူး(၉၉၂)ဗူး၊ ခေါက်ဆွဲ (၁၅၅)ထုပ်၊ အနွေးထည် (၁၅၅)ထည်နှင့် စောင် (၁၅၅)ထည်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၄)စုံ၊ အမျိုးသားတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁၂၂)စုံ၊ ပါးစပ်နှင့်နှာခေါင်းစည်း (၁၃၀၀)ဗူး၊ လက်သန့်စင်ဆေးရည်(၆၀)ဗူး တို့ကို ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြပါတယ်။ ထို့ပြင် ယာယီနေရပ်စွန့်ခွာစခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အုတ်ကန်နှင့်ရေချိုးခန်း (၁)ခု၊ ၂ခန်းတွဲ ယင်လုံအိမ်သာ (၂)လုံးတို့ကိုလည်း ဆောက်လုပ်ပေးခဲ့ကြပါတယ်။

ကယားပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက တာဝန်ရှိသူတွေနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်တွေဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနဲ့ ပူးပေါင်းပြီး နေရပ်စွန့်ခွာပြည်သူတွေကို ရှမ်းပြည်နယ်တောင်ပိုင်းက နေရပ်စွန့်ခွာစခန်းတွေဆီပို့ဆောင်ပေးခဲ့ကြပါတယ်။ ယခုလက်ရှိမှာလည်း ကယားပြည်နယ်အတွင်းမှာ ရှိနေတဲ့ ယာယီစခန်းတွေက ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်၊ အသုံးအဆောင်တွေကို ထောက်ပံ့ကူညီပေးလျက်ရှိပြီး ဒေသအသီးသီးက အလှူရှင်များနဲ့ ချိတ်ဆက်ကာ စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ ဆက်လက်ပြုလုပ်ပေးနိုင်ဖို့ ကြိုးပမ်းအားထုတ်လျက်ရှိကြပါတယ်။