ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်နေသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ကာကွယ်ရေးပစ္စည်းများထောက်ပံ့

  12/ Jul/ 2021

ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်ထောင်စုနယ်မြေအတွင်း နှာခေါင်းစည်းများပေးဝေခြင်း၊ အသိပညာပေးပိုစတာများကပ်ခြင်း၊ လူနာနှင့်ထိတွေ့ခဲ့သူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ထို့အပြင် ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (၂) ခုနှင့် တပ်ကုန်းမြို့နယ်ရှိ ညောင်လွန့်စစ်ဆေးရေးဂိတ်ရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများအား ကူညီဆောင်ရွက်နေသော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် လက်သန့်ဆေးရည် (၂၀) ဘူး၊ လက်အိတ် (၃) ဘူး၊ နှာခေါင်းစည်း (၁၀) ဘူးနှင့် Surgical gown (၂၀) စုံတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များက ၂၀၂၁ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်က ထောက်ပံ့ပေးခဲ့ပါသည်။