ကျိုက်မရောမြို့နယ်မှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်နှင့် ရေသန့်များ ကြက်ခြေနီထောက်ပံ့

  04/ Aug/ 2021

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၃) ရက်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကွာငန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စုများအတွက် ဆန်အိတ် (၃၅)အိတ်နှင့် ရေသန့် (၃၅၀)ကဒ်တို့ကို ကျိုက်မရောမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းထောက်ပံ့ပေးခဲ့ပါသည်။