ကျောက်တံခါးမြို့နယ်ကြက်ခြေနီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးလိုအပ်နေသူလူနာများအား သွေးသန့်သွေးလှူဒါန်း

  18/ Sep/ 2021

၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၁၈ရက်နေ့က ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ဇီဝကဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသောလူနာတစ်ဦးအရေးပေါ်လိုအပ်နေသော (A)သွေးတစ်လုံးအားလည်းကောင်း၊ မြို့ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိသောလူနာတစ်ဦး အရေးပေါ်လိုအပ်နေသော (O)သွေးတစ်လုံးအားလည်းကောင်း၊ စက်တင်ဘာလ (၁၉)ရက်နေ့က မြို့ချောင်းတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော သွေးအားနည်းလူနာတစ်ဦးအတွက် အရေးပေါ်လိုအပ်နေသော (B)သွေးတစ်လုံးအားလည်းကောင်း အသီးသီးလှူဒါန်းပေးခဲ့ကြပါသည်။