ကျောက်တံခါးမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ ကျင်းပ

  19/ Feb/ 2022

ကျောက်တံခါး၊ ဖေဖော်ဝါရီလ (၁၉)ရက် ။
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့က ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို မြို့ချောင်းကျေးရွာအုပ်စု၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပဲခူးတိုင်းကြက်ခြေနီဒုတိယတပ်ဖွဲ့မှူးဦးသိမ်းအောင်က အမှာစကားပြောကြားပြောကြားခဲ့ပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကာ ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ပါသည်။
အခမ်းအနားကို ပဲခူးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ကျောက်တံခါးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသူများနှင့် သင်တန်းသား/သူ(၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။