ကျေးရွာအရောက် မိုင်းအန္တရာယ်အသိပညာပေးခြင်းများ ကြက်ခြေနီပြုလုပ်

  13/ Aug/ 2020

ကျောက်မဲ၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်မန်းယာယီရွှေ့ပြောင်းကျေးရွာရှိ ရွာသူ/ရွာသားများအား မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်အန္တရာယ်အသိ ပညာပေးခြင်းကို ကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲက ကျေးရွာအရောက်သွားရောက်လုပ်ဆောင်ခဲ့ပါသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၃ရက်နေ့က ကျောက်မဲမြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူးဦးဖြိုးပြည့်ကျော်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင် ၂ဦးတို့က ရွာသူ/ရွာသူများနှင့် ကလေးငယ်များ စုစုပေါင်း ၃၀ဦးခန့်အား မိုင်းအန္တရာယ်အသိပညာပေးခြင်းများဟောပြောခြင်းနှင့် ကလေးငယ်များအား ပုံစွဲစာအုပ်နှင့် ရောင်စုံဆေးခြယ်မှင် များပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။