ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်တက်ရောက်အမှာစကားပြောကြား

  30/ Aug/ 2020

မြစ်ကြီးနား၊ ဩဂုတ် ၃၀

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ကချင်အထူးစီမံချက်ရုံး MRCS-IFRC Fund ဖြင့်ဖားကန့်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် စိတ်ပိုင်းလူမှုပိုင်းဆိုင်ရာအားပေးကူညီခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃၀ရက်နေ့ကမြစ်ကြီးနားခရိုင်ကြက်ခြေနီရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ရာ အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားသို့အသင်းဥက္ကဌနှင့်အတူ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးဘရန်ဒီး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်နှင့် ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်ခင်ရှိန်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား/သူ ၃၀ဦးတက်ရောက်ခဲ့သည်။

ယင်းသင်တန်းကို ဩဂုတ်လ ၃၀မှ ၃၁ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။