ကြက်ခြေနီမှ မိုးကောင်းမြို့နယ်အတွင်း ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ပြုလုပ်

  12/ Aug/ 2020

မိုးကောင်း၊ သြဂုတ် ၁၂

၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၂ရက်နေ့က မိုးကောင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ရင်းရပ်ကွက်တွင် ရေဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် အရေးပေါ်အခြေအနေများကြုံလာပါက လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများအား လက်တွေ့သရုပ်ပြသသည့် ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင်သရုပ်ပြပွဲကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။