ကြက်ခြေနီမှ အရေးပေါ် ကလေးမီးဖွားပေးနိုင်ခဲ့

  12/ Apr/ 2021

၂၀၂၁ခုနှစ်၊ ဧပြီလ(၁၂)ရက်‌နေ့ ညပိုင်းက ကျိုက္ခမီတိုက်နယ်ဆေးရုံမှ ကလေးမွေးဖွားရန် ခက်ခဲ‌နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနဲ့ တပ်ခွဲမှူး ဒေါ်သီသီမွန်တို့မှ မွေးလူနာအား ကျိုက္ခမီမှ မော်လမြိုင်သို့ အသင်းပိုင် လူနာတင်ယာဉ်ဖြစ်ပို့ဆောင်စဉ် သံဖြူဇရပ်မြို့အဝင်၌ ကလေးမွေးဖွားရတော့မယ့် အနေအထားဖြစ်လာသည့်အတွက် လူနာတင်ယာဥ်ပေါ်မှာပင် စနစ်တကျ အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါသည်။
“ ကလေးရော မိခင်ပါ ကျန်းကျန်းမာမာရှိပါတယ်၊ သံဖြူဇရပ်ဆေးရုံရောက်တော့ ဆေးရုံက လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ထပ်လုပ်ပေးပါတယ်၊ ပိုပြီးစိတ်ချရအောင် မော်လမြိုင်ဆေးရုံကို ဆက်လက် ပို့‌ဆောင် ပေးခဲ့ပါတယ်” ဟု မြို့နယ်ကြက်ခြေနီတပ်ခွဲမှူးလည်းဖြစ် သားဖွားဆရာမ(ငြိမ်း)တစ်ဦးလည်းဖြစ်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ဒေါ်သီသီမွန်က ပြောပြခဲ့ပါတယ်။