ကြက်ခြေနီမှ Psychosocial Support , Protection, Gender and Inclusion Training သင်တန်းဖွင့်

  09/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာနမှ ပြုလုပ်သည့် Psychosocial Support , Protection ,Gender and Inclusion Training သင်တန်းဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၉ ရက်နေ့ နံနက်(၉း၃၀)နာရီက အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်ခဲ့ရာ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ အထွေထွေအတွင်းရေးမှူးနှင့်အတူ ဒုတိအထွေထွေ
အတွင်းရေးမှူးဒေါက်တာဒေါ်ညိုညိုဝင့်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများတက်ရောက်ကြပါသည်။ အဆိုပါသင်တန်းကို တစ်နေ့တာသင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ ဝန်ထမ်း (၄၄) ဦးတက်ရောက်ခဲ့ကြပါသည်။