ကြက်ခြေနီအသိပညာဖြန့်ဝေသူသင်တန်း ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကျင်းပ

  14/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၁၄

၂၀၂၀ပြည့်နှစ် ဇူလိုင်လ၁၄ရက်နေ့က မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကျင်းပသည့် ကြက်ခြေနီအသိပညာဖြန့်ဝေသူသင်တန်းပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို Online (Zoom Meeting) မှ ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် သက်ဆိုင်ရာမြို့နယ် အတွင်း ကြက်ခြေနီအသိပညာ ပြန်လည်ဖြန့်ဝေနေမှု၊ လက်တွေ့လုပ်ဆောင်ရာတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ကြက်ခြေနီလှုပ်ရှားမှုများအကြောင်း အများပြည်သူပိုမိုသိရှိနိုင်စေရန် ဆောင်ရွက်နေမှု၊ ကြက်ခြေနီအမှတ်အသားကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကြက်ခြေနီအသိပညာဖြန့်ဝေသူသင်တန်းမှ ရရှိခဲ့သောအချက်အလက်များနှင့် အကျိုးသက်ရောက်မှုများအား အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးကို လူမှုကရုဏာလုပ်ငန်းဆိုင်ရာပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဒေါက်တာဦးလှအေးနှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးချမ်း၊ အထောက်အကူပြုအရာရှိ ဦးအောင်ကျော်မျိုးနှင့် တောင်ကြီးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဒေါ်ခင်မှီ၊ ပင်လောင်းမြို့နယ်ကြက်ခြေနီတပ်ခွဲမှူး ဦးထွန်းထွန်းလွင်နှင့် ဒေါ်နန်းအေးအေးလှိုင်၊ ဖယ်ခုံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌ ဒေါ်ရင်ရင်ရွှေနှင့် အမှုဆောင်အဖွဲ့ဝင် ဦးစောဖိလစ် တို့ တက်ရောက်ခဲ့ကြသည်။