စည်းကမ်းမဲ့ ချောင်းဆိုးခြင်း၊ တံတွေး/ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ရမယ်

ကိုရိုနာဗိုင်းရပ်စ်သည် နှာချေခြင်း သို့မဟုတ် ချောင်းဆိုးခြင်းကြောင့် ထွက်လာသော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်များထဲမှနေ၍ လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး အဆုတ်များအတွင်းသို့ ရှူသွင်းမိနိုင်တယ်။
ဒါကြောင့် စည်းကမ်းမဲ့ ချောင်းဆိုးခြင်း၊ တံတွေး/ သလိပ်ထွေးခြင်းနှင့် ကွမ်းတံတွေးထွေးခြင်းတို့ကို ရှောင်ကြဉ်ရမယ်။