ဆိုင်ကယ်မတော်တဆတိမ်းမှောက် ဒဏ်ရာရသူကို ကြက်ခြေနီက ရှေးဦးပြုစုပေး

  04/ Aug/ 2021

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ၂၀၂၁ခုနှစ်၊ သြဂုတ်လ( ၄ )ရက်
မိုင်းယု (၁၀၅)မိုင်ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက မူဆယ်မြို့နယ်၊ ကုန်သွယ်ရေးဇုန်ယာဉ်ငယ်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုန့်ပြန်ရေးနဲ့ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေစဉ် အဆိုပါစစ်ဆေးရေးဂိတ်အနီးတွင် မော်တော်ဆိုင်ကယ်မတော်တဆတိမ်းမှောက်မှု‌ရှိခဲ့ရာ ခြေထောက်ဒဏ်ရာရရှိခဲ့သူအမျိုးသားကို ရှေးဦးပြုစု‌နည်းဖြင့် ပြုစုပေးခဲ့ကြပါတယ်။