ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာရရှိသူအား ကြက်ခြေနီက ရှေးဦးပြုစုပေး

  06/ Aug/ 2020

တောင်ကြီး၊ ၆

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ကျောက်တလုံးမြို့ ကက္ကူကျေးရွာအနီးတွင် ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာ ရရှိသူ ၂ ဦးအား တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကက္ကူကျေးရွာရှိကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကာ ရှေးဉီးပြုစုပေးခဲ့ပါသည်။